အကြောင်းအရာ Skip

Welcome to MharMal POS System!

MharMal - သင့်လုပ်ငန်းအတွက် ပိုမိုကောင်းမွန်ပြီး စမတ်ကျတဲ့ Android POS စနစ်

အရောင်းမြှင့်တင်ဖို့နဲ့ စနစ်တကျ စီမံခန့်ခွဲဖို့ အကောင်းဆုံး လက်တွဲဖော်

သင့်ဆိုင်ရဲ့ အရောင်းလုပ်ငန်းစဉ်တွေကို မြန်ဆန်ချောမွေ့စေပြီး ကုန်ပစ္စည်းစာရင်း (Inventory) ကို အချိန်တိုအတွင်း ထိရောက်စွာ စီမံခန့်ခွဲနိုင်ဖို့ MharMal POS စနစ်က ကူညီပေးပါလိမ့်မယ်။ အသုံးပြုရ လွယ်ကူရိုးရှင်းတာကြောင့် ဘယ်လိုလုပ်ငန်းမျိုးအတွက်မဆို အထူးသင့်လျော်ပါတယ်။

Package တွင် ပါဝင်မည့် ပစ္စည်းများ

လုပ်ငန်းစတင်ဖို့ လိုအပ်တဲ့ hardware အစုံအလင်ကို တစ်ပါတည်း ရရှိမှာ ဖြစ်ပါတယ် -

အရောင်းကောင်တာအတွက် ကြည့်ရလှပပြီး အသုံးပြုရသွက်လက်တဲ့ Tablet။

ကုန်ပစ္စည်းတွေကို အမြန်နှုန်းနဲ့ ဖတ်ရှုနိုင်မယ့် Barcode ဖတ်စက်။

ကုန်ပစ္စည်းများတွင် ကပ်ရန် ဈေးနှုန်းတံဆိပ် (Label) ထုတ်စက်။

ဝယ်သူများအတွက် အရောင်းပြေစာ (Receipt) ထုတ်ပေးမယ့် စက်။

ဘာကြောင့် ကျွန်ုပ်တို့ကို ရွေးချယ်တာလဲ။

ကျွန်တော်တို့က စနစ်တစ်ခုကိုပဲ ပေးနေတာမဟုတ်ပါဘူး
လူကြီးမင်းတို့ လုပ်ငန်းတိုးတက်ဖို့အတွက် အကောင်းဆုံး ဝန်ဆောင်မှုများကို ပေးဆောင်နေပါတယ် -

Application အခမဲ့ အသုံးပြုနိုင်ခြင်း

Software အတွက် လစဉ်ကြေးပေးစရာမလိုဘဲ အခမဲ့ အသုံးပြုနိုင်ပါတယ်။

ကနဦး အချက်အလက်များ ထည့်သွင်းပေးခြင်း

: လူကြီးမင်းတို့ရဲ့ ကုန်ပစ္စည်းစာရင်းများကို Zip file ဖြင့် ကျွန်ုပ်တို့ဘက်မှ စနစ်တကျထည့်သွင်းပေးပါမည်။

ကုန်ကျစရိတ် သက်သာခြင်း

Hardware နှင့် စနစ်တပ်ဆင်ခအတွက် အနည်းငယ်သော ကုန်ကျစရိတ်ဖြင့် စတင်နိုင်ပါတယ်။

ကိုယ်တိုင် စီမံခန့်ခွဲနိုင်ခြင်း:

စနစ်တပ်ဆင်ပြီးပါက App ထဲမှတစ်ဆင့် ကုန်ပစ္စည်းအသစ်များ ထည့်ခြင်း၊ ပြင်ဆင်ခြင်းတို့ကို နည်းပညာရှင်မလိုဘဲ ကိုယ်တိုင် အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။

ထူးခြားကောင်းမွန်သည့် အင်္ဂါရပ်များ

Rapid Checkout & Scanning

Tablet Camera သို့မဟုတ် Barcode Reader ကို အသုံးပြုပြီး ကုန်ပစ္စည်းများကို စက္ကန့်ပိုင်းအတွင်း Scan ဖတ်ခြင်းဖြင့် အရောင်းမြန်ဆန်စေပါတယ်။

ကုန်ပစ္စည်းစာရင်း ထည့်သွင်းရ လွယ်ကူခြင်း

ပစ္စည်းအသစ်များကို အလွယ်တကူ ထည့်သွင်းနိုင်သလို၊ ပစ္စည်းမှာ ပါရှိပြီးသား Barcode ကိုလည်း တိုက်ရိုက်အသုံးပြုနိုင်ပါတယ်။

အသေးစိတ် အစီရင်ခံစာများ

နေ့စဉ်/လစဉ် အရောင်းစာရင်းနှင့် ကုန်ပစ္စည်းအဝင်/အထွက် စာရင်းများကို အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။ အဆိုပါ Report များကို PDF သို့မဟုတ် Excel file များအဖြစ်လည်း ထုတ်ယူနိုင်ပါတယ်။

ဘာသာစကား နှစ်မျိုးစနစ် (Dual Language)

စနစ်တစ်ခုလုံးနှင့် အရောင်းပြေစာများကို မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့် အသုံးပြုနိုင်ပါတယ်။ (ဖောက်သည်များ တောင်းဆိုပါက အခြားဘာသာစကားများကိုလည်း ထပ်မံထည့်သွင်းပေးနိုင်ပါသည်။)

ပရော်ဖက်ရှင်နယ် ပြေစာထုတ်စနစ်

ကုန်ပစ္စည်းတံဆိပ် (Label) နှင့် အရောင်းပြေစာ (Receipt) များကို စနစ်တကျ ပုံနှိပ်ထုတ်ဝေနိုင်ပါတယ်။

MharMal စနစ်ဖြင့် သင့် POS လုပ်ငန်းကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်လိုက်ပါ။

ယနေ့ပဲ စတင်ရန် ကျွန်ုပ်တို့ထံ ဆက်သွယ်လိုက်ပါ!